Home » Announcements » BTech to BE Entrance Scope

BTech to BE Entrance Scope

BTech to BE Entrance Scope

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပညာရေးဝန်ကြီးဌာန

စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

B.Tech. မှ B.E.ပေါင်းကူးဝင်ခွင့် စာမေးပွဲကျင်းပမည့် အစီအစဉ်

 

ဆောင်ရွက်မည့်အစီအစဉ်များ

(၁) ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲဖြေဆိုခွင့်အစီအစဉ်အား ဇွန်လဒုတိယအပတ်တွင် သတင်းစာထဲ၌ ထည့်သွင်းကြော်ငြာမည် ဖြစ်ပါသည်။

 

(၂) ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများအား မိမိတို့တက်ရောက်လိုသည့် နည်းပညာ တက္ကသိုလ်များတွင် (၁၆-၆-၂၀၁၆) မှ စ၍ အောက်ပါ စာရွက်စာတမ်းများနှင့်အတူ လျှောက်ထားရမည် ဖြစ်သည်-

(က) B.Tech. ဘွဲ့လက်မှတ်မူရင်း (သို့မဟုတ်) အောင်မြင်ကြောင်းထောက်ခံစာမူရင်းနှင့် မိတ္တူ။

(ခ) နိုင်ငံသားစီစစ်ရေးကတ်ပြားမူရင်းနှင့် မိတ္တူ။

(ဂ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း ကိုယ်တိုင်ဝန်ခံချက်နှင့် မိဘအုပ်ထိန်းသူများ၏ ဝန်ခံချက်။

(ဃ) တစ်လအတွင်းရိုက်ကူးထားသောပတ်စပို့အရွယ် ရောင်စုံဓါတ်ပုံ (၄) ပုံ။

 

(၃) စာမေးပွဲကျင်းပမည့် အစီအစဉ်

ပေါင်းကူးဝင်ခွင့် သတ်မှတ်ချက်များအတိုင်း လျှောက်လွှာတင်ထားသည့် စာမေးပွဲဖြေဆိုမည့်သူများသည် မိမိတို့လျှောက်လွှာ တင်ထားသည့် နည်းပညာတက္ကသိုလ်များတွင် ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲကို အောက်ဖော် ပြပါ အစီအစဉ်အတိုင်း ကျောင်းအားလုံးတွင်တပြိုင်တည်း ဖြေဆိုရမည် ဖြစ်ပါသည်။

 

စဉ် ဖြေဆိုရမည့်ဘာသာရပ် နေ့ရက် အချိန်
အင်္ဂလိပ်စာ ၆ – ၈ – ၂၀၁၆ ( စနေနေ့ ) နံနက် ( ၉ း ၀၀ ) မှ နေ့လည် ( ၁၂ း ၀၀ ) ထိ
သက်ဆိုင်ရာဘာသာရပ် ၇ – ၈ – ၂၀၁၆ ( တနင်္ဂနွေနေ့ ) နံနက် ( ၉ း ၀၀ ) မှ နေ့လည် ( ၁၂ း ၀၀ ) ထိ

 

(၄) Scope များဖြန့်‌ဝေခြင်း

ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲဖြေဆိုရန်အတွက် ယခင်နှစ် Scope များကိုသာ အသုံးပြုမည် ဖြစ်ပါသည်။ မိမိတို့ဖြေဆိုရမည့် ဘာသာရပ် Scope များကို ကျောင်းအားလုံးသို့ ဖြန့်‌ဝေ ပေးပို့ထားမည်ဖြစ်ပြီး ဝင်ခွင့်ဖြေဆိုရန်လျှောက်ထားသည့် တက္ကသိုလ်များ၌ လျှောက်လွှာစတင်လက်ခံသည့်အချိန်မှစ၍ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ဖြန့်‌ဝေရမည့် Scope များကို ပူးတွဲတင်ပြထားပါသည်။

English Scope

 


 

Civil Scope

 

EC Scope

 

EP Scope

 

IT Scope

 

Mechanical Scope

 

MC Scope

 

Archi Scope

 

Chemical Scope

 

Pertol Scope

 



Back